အမျိုးသား နှင့် အမျိုးသမီးများတွင် ဖြစ်တတ်သော လိင်စိတ်ဆိုင်ရာ ပြဿနာမျာ...
20-Feb-2021
လူလတ်ပိုင်းများတွင်တွေ့ရလေ့ရှိသော
လိင်စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို အောက်တွင် ခန့်မှန်းပြသထားပါသည်။
ပြဿနာများ
အမျိုးသားများ
အမျိုးသမီးများ
လိင်ဆက်ဆံလိုစိတ် ကျဆင်းခြင်း
၃၀%
၄၀%
လိင်စိတ်နှိုးဆော်မှုတွင် ပြဿနာရှိခြင်း
၅၀%
၆၀%
လိင်စိတ်အထွတ်အထိပ်ရောက်ရှိရာတွင်
မြန်ဆန်ခြင်း ၁၅%
၁၀%
လိင်စိတ်ဆန္ဒ ပြီးမြောက်ရာတွင်
ပြဿနာရှိခြင်း
၂%
၃၅%
လိင်ဆက်ဆံရာတွင်
နာကျင်မှုရှိခြင်း
၅%
၁၅%
လိင်ဆက်ဆံလိုစိတ် ကျဆင်းခြင်း (သို့) မရှိခြင်း
လိင်ဆက်ဆံခြင်းကို သာယာမှုမရှိခြင်း (သို့) ဆက်ဆံလိုစိတ်ကို မရှိခြင်းပင်ဖြစ်သည်။
ဤသို့ဖြစ်ရခြင်းသည် ယခင်ကပင်ဤသို့စိတ်မရှိခြင်း (သို့) ယခုမှဤသို့ကျဆင်းလာခြင်း
(သို့) အချို့သောအခြေအနေ၊ နေရာထိုင်ခင်းများတွင်ဖြစ်ခြင်း (သို့)
မိမိ၏လိင်ဆက်ဆံဖော်ကြောင့်ဖြစ်ခြင်း (သို့)
ဤအကြောင်းများအားလုံးကြောင့်လည်းဖြစ်နိုင်သည်။
ဤပြဿနာကိုကုသရာတွင် အခြားသောရောဂါများကြောင့် ဤဝေဒနာများခံစားနေရခြင်း
ရှိမရှိကိုသေချာ စမ်းသပ်စစ်ဆေးပြီးမှ (ဥပမာ-စိတ်ကျရောဂါ) ကုသမှုကိုဆက်လက်ခံယူရမည်။
အိမ်ထောင်ရေးပြဿနာများ ရှိနေပါကလည်း သေသေချာချာတိုင်ပင်ဆွေးနွေးဖြေရှင်း
မှသာကုသမှုထိရောက်မည်ဖြစ်သည်။
လိင်ဆက်ဆံခြင်းကို မနှစ်သက်ခြင်း နှင့်လိင်ဆက်ဆံခြင်းကို သာယာမှုမရှိခြင်း
လိင်ဆက်ဆံခြင်းကို မနှစ်သက်ခြင်း
- လိင်ဆက်ဆံခြင်း အပေါ်တွင် မကောင်းသောအမြင်များ ပြင်းထန်စွာရှိခြင်း (သို့)
ကြောက်ရွံ့မှုဆိုးဝါးစွာရှိခြင်း (သို့) စိတ်ပူပန်ခြင်းများစွာရှိခြင်း တို့ကြောင့်
လိင်ဆက်ဆံခြင်းကို အပြင်းအထန်ရှောင်ကြဉ်ခြင်းဖြစ်သည်။
လိင်ဆက်ဆံခြင်းကို သာယာမှုမရှိခြင်း
- ပုံမှန်လိင်ဆက်ဆံခြင်း နှင့် လိင်စိတ်ဆန္ဒပြီးစီးခြင်းတို့ ရှိသော်လည်း
လိင်ဆက်ဆံခြင်းကို ကျေနပ်နှစ်သိမ့်မှုမရှိခြင်းဖြစ်သည်။
ဤအခြေအနေ ၂ ခုလုံးသည် ခက်ခဲရှုပ်ထွေးသော စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ
အခြေအနေများနှင့် ဆက်စပ်နေပြီး အထူးသဖြင့်လိင်ပိုင်းဆိုင်ရာထိခိုက်မှု
ပြင်းပြင်းထန်ထန်ရှိခဲ့သူများ (ဥပမာ - မုဒိန်းကျင့်ခံရခြင်း သို့
လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရခြင်း) တွင်တွေ့ရသည်။ ထို့ကြောင့် ကျွမ်းကျင်သူ
ဆရာဝန်များနှင့်သာ တိုင်ပင်ကုသမှုခံယူသင့်သည်။
လိင်ဆက်ဆံခြင်းကို အလွန်အမင်းနှစ်သက်ခြင်း
ရံဖန်ရံခါအားဖြင့် လိင်စိတ်ဆန္ဒ ပုံမှန်ထက်ပိုမိုများပြားလာသောအခါ အခြားသူများအတွက်
အခက်အခဲများ ဖြစ်လာစေနိုင်သည်။ မိမိ၏ လိင်ဆက်ဆံဖော်နှင့် ဓမ္မတာမဟုတ်သော
လိင်ဆက်ဆံမှုများပြုလုပ်ရန်တောင်းဆိုခြင်း၊ Sexual Disinhibition ဟုခေါ်သော
လူမှုရေးအသိုင်းအဝိုင်းတွင် လက်မခံနိုင်သော လိင်ပိုင်းဆိုင်ရာ
အပြုအမူများဖြစ်ပေါ်လာပါက မိမိကိုကြည့်ရှုစောင့်ရှောက်သူများအနေဖြင့် အခက်ကြုံရခြင်း
စသဖြင့် ကာယကံရှင်သာမက အခြားသူများပါ စိတ်ရောကိုယ်ပါ အနှောင့်အယှက်ဖြစ်စေနိုင်သည်။
ဤအခြေအနေကို အမျိုးသမီးများတွင် Nymphomania (နင်ဖိုမေးနီးယား) ဟုခေါ်ပြီး
အမျိုးသားများတွင် Satyriasis (ဆက်တာရိုင်းရစစ်) ဟုခေါ်သည်။ အများအားဖြင့်
ဆယ်ကျော်သက် နှောင်းပိုင်းကာလများနှင့် လူကြီးပိုင်းများတွင်ဖြစ်လေ့ရှိသည်။
အခြားသောရောဂါအခြေအနေများ၊ ဦးခေါင်းပိုင်းဆိုင်ရာထိခိုက်မှုများနှင့်
တွဲ၍တွေ့နိုင်သည့်အပြင် အချို့သောဆေးများ၏
ဘေးထွက်ဆိုးကျိုးများအဖြစ်လည်းတွေ့နိုင်သည်။
မိမိတွင် အဆိုပါပြဿနာများရှိနေလျှင်သော်၎င်း၊
မိသားစုအတွင်း အဆိုပါအခြေအနေများ ခံစားရသူ ရှိနေလျှင်သော်၎င်း
စိတ်ပူပန်ခြင်းမရှိသင့်ပါ။ သက်ဆိုင်ရာဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကုသမှု
ပြုလုပ်သင့်ပါသည်။ ထို့ကြောင့် ဆေးမြီးတိုများ၊
တတ်ကျွမ်းနားလည်မှုမရှိသူများနှင့်ကုသခြင်းမပြုဘဲ
ထိရောက်သောကုသမှုကိုအမြန်ဆုံးခံယူကြဖို့ တိုက်တွန်းလိုက်ပါသည်။
ပုထုစဉ်နော ဥမ္မာတကော
အားလုံးကျန်းမာသုခနှင့်
ပြည့်စုံပါစေ။
Dr.P
Reference from Oxford Handbook of Psychiatry
3rd Edition
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
